ဆံနွယ်တို့ရဲ့ ပိုင်ရှင်လေး
ဆံနွယ်ရှည်တွေ လေထဲလွင့်တော့ ဒေစီပန်းခင်းကြီးလည်း ပွင့်ပေးရတယ် နေရာအနှံ့ကို မွှေးနေပြန်ရောကွယ် Shampoo မဟုတ်တဲ့ ကိုယ်သင်းရနံ့မို့ ရှူရှိုက် မဝဘူးရယ်......။ သွယ်လျလျ ကိုယ်ဟန်လေးရယ် ချိုမြမြ အပြုံးလေးရယ် ယဉ်စစ အကြည့်လေးနဲ့ မြင်သမျှ ရင်အေးစေသူရယ်.....။ ဆံနွယ်ရှည်တွေကို နမ်းရှိုက်ချင်သူတွေများတော့ နွမ်းဟိုက်ပြီး အလွမ်းတွေ ပိုက်နေခဲ့ရတယ်....။ မိန်းမတို့ ဘုန်း ဆံထုံးမို့ ပိတုန်းနက်နက် ဆံနွယ်ရှည်တွေကို တန်ဖိုးထားတဲ့ ဘုန်းကံရှင်ကလေးဖြစ်စေချင်တယ်......။ # Khant Nyar Maung
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
