အချစ်မရှိ ရက်များ
ဝီစကီ ခွက်ကလေးထဲ စစ်ဂရက်တို့ အမြစ်တွယ်. ဟစ်ပီတွေလို နေမလား အချစ်ရယ်. ခံစားချက်တိုင်းက ခနလေးပဲ. လောကဓံဆိုတာလည်း ခနလေးပဲ. ပျော်ကြ ငိုကြ သေကြရတယ်. ကိုယ့်ကျောပိုးအိတ်မယ် မင်းကိုထည့် သေချာထုပ်ပိုးပြီး သယ်သွားချင်တယ်. တောင်တွေ ကျော်မယ်. မြစ်တွေ ဖြတ်ကူးမယ်. ရွက်ဖျင်တဲမရှိတဲ့ မြက်ခင်းများထဲ ကြယ်စင်တွေ ဘက်ကိုငေး အတူ စဥ်းစားမယ်. တချို့က ပြောကြ ဘဝဟာ တိုတိုလေးပါ. ဒါ ပကတိအမှန်လား. မင်းမရှိတဲ့နာရီများ ရှည်ကြာလွန်းလိုက်တာ. Lynn March
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
