🦜အကျဉ်းစံငှက်🦜
လွတ်လပ်စေချင်တာပေါ့ ငှက်ကလေးရယ်... မင်းရဲ့စိုးထိတ်မှု တွေ အထီးကျန်ခြင်းတွေ သိမ်ငယ်ဝမ်းနည်းမှုတွေ မြင်နေရတယ်လေ...။ လွတ်လပ်စေချင်တာပေါ့ ငှက်ကလေးရယ်... အချုပ်အနှောင်ကို အဖော်ပြုပြီး ရှင်သန်ခဲ့ရမှန်း သိပ်သိသာတာပဲ မင်းရဲ့ အော်မြည်သံမှာတောင် ကြေကွဲဝမ်းနည်းသံ ကြားနေရတယ်...။ လွတ်မြောက်စေချင်တာပေါ့ ငှက်ကလေးရယ်... ကောင်းကင်ယံ တိမ်ဖျားဆီကို ခေါ်သွားကြည့်ချင်တယ် မြေပြင်ဆီကို ငုံ့ကြည့်စေချင်တယ် စိမ်းစိုတဲ့ လယ်ယာတွေရယ် လှုပ်ရှားသွားလာနေတဲ့ လူတွေရယ် မင်းမမြင်ဖူးမှန်း သိနေလို့ပေါ့...။ လွတ်မြောက်စေချင်တာပေါ့ ငှက်ကလေးရယ်... အစာဖိုးနဲ့ လှောင်အိမ်ဖိုးငွေ တတ်နိုင်ခဲ့ရင် လျော်ကြေးပေးပြီး ဝယ်မိမှာပါ ပိတ်လှောင်ထားဖို့ မဟုတ်ဘူးနော် မင်းကို လွတ်လပ်စွာ ပျံသန်းစေချင်ရုံလေးပါ...။ မင်းသခင်ရော မင်းအရှင်ရော မင်းခံစားချက်ကို မြင်စေချင်တယ် ငှက်ငယ်... ပိတ်လှောင်ထားခြင်းဟာ စစ်မှန်တဲ့ ချည်နှောင်ခြင်း မျိုးမဟုတ်ကြောင်း မေတ္တာတရားနဲ့ တိုင်တည်ပြချင်တယ်... မောင့်အကျဉ်းစံ ငှက်ငယ်......🦜🦜 # Khant Nyar
Poetry Books 50% Off
Bestselling collections from top poets
