အကြံအစည်
အငိုတိတ်ပါမိုးရယ် သည်းကြီးမဲကြီးရွာချနေတဲ့မိုးကို အမေမော့ကြည့်ပြီးပြောနေတာပေါ့။ အခုထိမပြောင်လက်သေးတဲ့သားကို အခုထိ မိုးမိမှာစိုးနေတာ။ ညတိုင်းဘုရားစာတစ်ဝက် သားအတွက်ဆုတောင်းတာတစ်ဝက်နဲ့ ကုသိုလ်တွေသားဆီ လွှဲလွှဲပေးနေတုန်းလား။ ဘောလုံးတစ်လုံးက အပေါ်ကိုပစ်တင်လိုက်ရင် အမေ့ဆီပြန်ကျလာမှာပဲ အမေသားကိုပစ်တင်လိုက်တာ အခုထိအမေပြန်မရသေးဘူး။ ငယ်ငယ်က သားကျောင်းသွားဖို့ သနပ်ခါးတွေသွေးပေးတဲ့အမေက သားကြီးလာတော့ သနပ်ခါးနဲ့မလုံလောက်တော့ဘူး အရိုးနဲ့သွေးကိုသွေးလိမ်းပေးမတဲ့လား။ အမေ့အပြုံးကိုလိုချင်လို့သားပြုံးပြခဲ့တာပဲ အမေက အပြုံးတုကိုသိတယ် သောကတွေကိုမြင်တယ် တောက်လောင်နေတဲ့ပူဆွေးခြင်းတွေကိုသိတယ် အမေကအဓိပ္ပယ်ရှိတဲ့အပြုံးတစ်ခုကို ကျွန်တာ်မသိခင်ပြုံးရယ်လိုက်တယ်။ ဦးသူ
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
