ဘယ်မှာပျောက်ကွယ်
ကိုယ်ဟာ နေ့စွဲတွေထဲမှာ ပျောက်ကွယ် တစ်ခုပြီးတစ်ခုမရှိတော့တာဟာ ကိုယ်ပျောက်ကွယ်ဖို့ လက်မှတ်တစ်ခုထုတ်ပေးလိုက်သလို ကိုယ်ပျောက်သွားတဲ့နေ့စွဲတွေမှာ စာမှန်မှန်ရောက်ဖို့၊ မလွမ်းဖို့၊ မနာကျင်ဖို့ ပျောက်သွားမှ ပျောက်သွားကြောင်း သတိမရဖို့ အခုချိန်မှာ ကိုယ်ဟာ ခေါ်ရင် လိုက်သွားရမဲ့သူပါ။ ၂၇၊ ၇၊ ၂၅။ ၃:၃၈ ညနေ
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
