အဖေ
အဖေဆိုသည်မှာ မိသားစုရဲ့စား၀တ်နေရေး အစဉ်တွေးလို့ ရုန်းကန်ရှာဖွေနေရသူ။ နေပူမရှောင် မိုးရွာမနား မအားမလပ်တရပ်စပ်ပင်။ မသိမလိမ္မာသားသမီးများကို အမှောင်ကိုခွင်းအလင်းဆောင်ကာ အမုန်းခံ၍ဆုံးမသူ။ အန္တရာယ်များဒုက္ခကြားမှ သားသမီးများအားရှိစေရန် ရင်မှဒဏ်ရာမြိုကာသိပ်လျက် ကြိတ်မှိတ်ပြုံးပြခဲ့တဲ့သူ။ မိသားစုလုံခြုံဖို့အရေး တံတိုင်းပမာကာရံထားလျက် စောင့်ရှောက်ပေးသောမေတ္တာရှင်။ ဤလောကတွင်အဖေ့ကျေးဇူးမသိသူတို့ သိမြင်စေဖို့ရည်ရွယ်သည်။ ။ မာန်
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
