အစိမ်းရောင်
အချစ်ဆုံးလေးရဲ့ ဥပေက္ခာဆူး လေလား. မေတ္တာဆူး လေလား. ကိုယ့်ဒုက္ခခမျာ အကန့်အသတ်မရှိရှာ. karma effect ဆိုပြီး သူ အော်ရယ်ချင်လည်း ရယ်ပါစေတော့. နောင်တနဲ့ ဒေါသသာ နေ့စဥ်ဘဝမှာ တပြန်စီဖြစ်ပေါ့. ယတြာတွေ ဘယ်လိုချေရမလဲ. ပြေလည်အောင် ဘယ်လိုနေရမလဲ. အချစ်ဆုံးလေး စိတ်ပျက်လောက်အောင် ကိုယ်ဟာ အခုထိ တလွဲ. နိုးထချိန်တိုင်းမှာ မေတ္တာပို့တယ်. အိပ်စက်ချိန်တိုင်းမှာ ဆုတောင်းတယ်. မင်းရဲ့ဆူးဟာ သိပ်ပြင်းထန်လို့. အခက်ခဲတွေ လာချိန်တိုင်း ကြိတ်ပြီးငို. Lynn March (2015)
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
