မစင်ထုပ်
TikTok တစ်ခွင်ပြဲပြဲစင်လို့ Viewer တသဲသဲ like မစဲအောင် သူ့ထက်ငါ ပေါက် Cele ဘဝရောက်အောင် မိန်းမ ယောက်ျား ကလေးများ မကျန် ဖင်လှုပ်ရင်လှုပ် ရှေ့ကအထုပ် မချန် ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ကဲတော့ မစင်ထုပ်သဖွယ် ရွံစရာအတိ ဖြစ်တော့၏...။ TikTok သုံးသူ အများစုဟာ ကလေးသူငယ် အရွယ်အိုမကျန် သံဃာရဟန်း နာမကျန်းသူလည်း အပူအပင်ကင်းကင်း ပျော်ရွှင်ခြင်းဖြင့် ကြည့်ရှုမသင့် အမြင်မတင့်အောင် ရင်နင့်ဖွယ်ရာ ဖြစ်တော့၏.....။ ယနေ့အခါ ကျောင်းများမှာလည်း သင်အံနည်း၍ ဖတ်ရှုမွဲလာ ဆုံးမခက်ခဲ ရိုင်းစိုင်းမြဲပင် ဖြစ်တော့၏.....။ ရွံစရာ မစင်ထုပ် ထိုအလုပ်ကို လုပ်သောသူအပေါင်း သူယုတ်ထောင်သောင်း ဘဝပေါင်းများစွာ ကျင်လည်ရသော် လိင်မှုအရာ မပါသောသူ ပါသော်ငြားလည်း မသာယာသောသူ ငြူစူဘဝ ရောက်ကြပါစေ အမြင်မတော်၍ အကျိုးမျှော်ကာ နှိုးဆော်ပါသလေ သဟာဆွေ......။ #Khant Nyar Maung
Poetry Books 50% Off
Bestselling collections from top poets
