ပွေလီတဲ့ကင်ဆာ
မပြတ်သေးတဲ့ နွယ်တစ်မျှင်နဲ့ ရစ်နှောင်ပြီး သူရောက်လာခဲ့တယ် နာကျင်မှုကို အစားထိုးဖို့ သူကြိုးစားရင်းနဲ့ပေါ့....။ မာယာသုံးတဲ့ နှုတ်ခမ်းတွေကို ချိုမြိန်စွာနဲ့ တပ်မက်ခဲ့စဉ်က မူးယစ်ရီဝေခြင်းဟာ အချစ်ဆိပ်တတ်ခြင်း တစ်မျိုးပေါ့လေ...။ ချစ်တယ်ဆိုတဲ့ ကြိုးနဲ့ လှန်မှန်းမသိ အလှန်ခံရရင်း ဦးချိုဟာ တဖြည်းဖြည်း ရှည်လာတာ သတိထားမိတယ်....။ နွံမှန်း သိပေမယ့် နစ်ချင်နေတော့လည်း မရုန်းသာတော့ဘူးပေါ့ မရုန်းချင်တာလည်း ပါမှာပါလေ ရမ္မက်နွံ ဖြစ်နေတော့လည်း ခက်သား.....။ မပြတ်သေးတဲ့ နွယ်က အမြစ်တွယ်လာရင် ကိုယ့်ပါ ဝါးမြိုသွားနိုင်တယ် ဆိုတဲ့ အသိရယ် ဉာဏ်အလင်းတန်းလေးများ ဖျက်ကနဲ ရချင်မိတယ် အချစ်နဲ့ အမြစ်တွယ်ကြတာမျိုးဆို တော်သေးရဲ့....။ ခုဟာက ကင်ဆာလို အမြစ်မျိုး ကုတ်တွယ်ထားရင် ကုရခက်တဲ့ ရောဂါ နူနာထက် ဆိုး ဆိုသလိုပေါ့......🤮 #Khant Nyar
Poetry Books 50% Off
Bestselling collections from top poets
