အချစ်ရူး
နှစ်ဖက်အသိုင်းအဝိုင်း စကားလုံးရိုင်းတွေနဲ့ ဘယ်လိုပင် ပိုင်းခြားလည်း ဝေးမသွားဘူးနော် ချစ်သူ....။ အခက်အခဲတွေကြားကတွေ့ရတာမို့ ဝေးသွားလို့ မဖြစ်ဘူးနော် အချစ်ဦး မဟုတ်ခဲ့ပေမယ့် နောက်ဆုံး အချစ်နဲ့ အချစ်ဆုံးမို့ပါ ချစ်သူ.....။ မင်းအသံလေးကြားနေရဆဲမို့ ဂရေဟမ်ဘဲလ်လည်း ကျေးဇူးတင်မိတယ် ချစ်သူ...။ အရာရာ တားဆီးလို့ ဝေးနေရလည်း ခဏလေးတွေ့ရတဲ့ စက္ကန့်ပိုင်းတောင် တန်ဖိုးထားတတ်နေပြီ ချစ်သူ.....။ စက္ကန့်မလပ် နှလုံးခုန်နှုန်းတိုင်းမှာ မင်းနာမည်ကို ပြုံးပြီးခေါ်ချင်နေတယ် ချစ်သူ....။ အချစ်ကိုရူးသွပ်တတ်တဲ့ အရွယ်လွန်ခဲ့ပေမယ့် နှလုံးသားရဲ့ နယ်ကို ကျွံပြီး ကြီးမိုက်ကြီးမို့ နည်းနည်းလေးတော့ ရူးမိုက်ခွင့်ပြုပါ ချစ်သူ......။ # Khant Nyar
