အေးချမ်းမေ မနက်ခင်း
စိတ်ဓာတ်ကျပြီဆို အုံနဲ့ကျင်းနဲ့ သီချင်းဗီဒီယို တချို့ထဲကလို လူတွေ ကိုယ့်ဝင်တိုးသွားတောင် မျက်နှာသေ ဖြစ်နေတဲ့ မနက်. တက္ကသိုလ်ရိပ်သာလမ်းပေါ် တန်ဖိုးနည်း ထမင်းဆိုင်ကလေး. ခုံတွေပေါ် ခြေနှစ်ဖက်စလုံးတင်ရင်း ကားတွေပြေးသွားတာ ငေးနေရပါတယ်. အတိတ်တွင် ပြုခဲ့သမျှသည် ပစ္စုပ္ပန် အကျိုးဖြစ်၏. ဒါတွေ မေမေ သိရန်မသင့်. ကျနော့် ဝမ်းဗိုက်ဟာ ဘူဒိုဇာ ဝင်ကလော်သွားတဲ့ ကျူးကျော် ရပ်ကွက်. အပေါစား ကော်ဖီတခွက် ကျနော် သောက်ထားပါရဲ့. အူတွေဆီ သတင်းမရောက်ခင်ထိတော့ ပြုံးနေနိုင်လိမ့်မယ်ထင်. တခါတခါလည်း လူငယ်ပီပီတွေး ကိုယ်သေတောင် အရေးမပါတဲ့နေရာမှာ ရှိမနေချင်တာ. ဒါကိုတော့ စစ်ဂရက်ကလေးများ သိသင့်. ဒီတနေ့ အချိန်တွေ ဘယ်လိုဖြုန်းရမလဲ. ဘဝရဲ့ ဇာတ်လမ်းစဥ်တွေက ကဗျာဆရာ ဖြစ်ဖို့ ကျနော့်ကို ပေါ်တာဆွဲသွားတယ်. သစ်ရိပ် လေပြေကလေး ကျနော့်ရင်ကို မအေးမြစေနိုင်ဘူး. စိတ်အရမ်းမငြိမ်တာ သိသာ ဒူးနှစ်ဖက်စလုံး လှုပ်ရှားနေရတယ်. စိတ်ဓာတ်က ကျပြီဆို အဖော်နဲ့ အသင်းနဲ့. Lynn March
Poetry Books 50% Off
Bestselling collections from top poets
