နှင်းသစ္စာ
ဒီမနက် နှင်းတွေ အရမ်းကျတယ်... နှင်းငွေ့တွေ ဘယ်လောက်ချမ်းချမ်း ရင်ထဲက အလွမ်းကို ငြိမ်းမပေးနိုင်ဘူး နှလုံးသားရဲ့ ပူလောင်မှုကို မအေးစေနိုင်ဘူး...။ နှင်းလည်း သစ္စာ မရှိတော့ဘူးနော် သူ့ကိုမျှော်လင့်နေတဲ့ ရာသီပင်လေးတွေကို မငဲ့ဘူး မင်းလည်း နှင်းလိုပါပဲ မင်းအချစ်ကိုမျှော်လင့်နေတဲ့ မောင့်ဘဝကို မငဲ့ခဲ့ဘူးနော်...။ တန်ပါတယ်လေ နှင်းလည်းနေမလာခင် အေးချမ်းမှုခဏပေးသလို မင်းလည်း အရင်လူ ပြန်မလာခင် ခဏလောက်ချစ်ပေးခဲ့လို့ပေါ့ ရသလောက်လေးနဲ့ ကျေနပ်ရမှာပေါ့...။ မအေးတော့တဲ့ ဆောင်းတိုင်းမှာ နှင်းကို အပင်လေးတွေ မျှော်သလို မောင့်ကို မချစ်တော့တဲ့ မင်းကို အဝေးကနေပဲ တိတ်တိတ်လေး ခိုးလွမ်းနေတော့မယ်....။ လွမ်းခွင့်လေးတော့ ပေးခဲ့ပေါ့...။
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
