နှုတ်ဆက်စာ
အချစ်ကြောင့် မပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေ ရှိမယ်လို့ မထင်ခဲ့မိဘူး.... အချစ်ကြောင့် ပူလောင်ရမယ်လို့ မရိပ်မိခဲ့ဘူး... အချစ်ကြောင့် ငိုကြွေးခြင်းတွေက ခံနိုင်ရည်မဲ့စေမှန်း သိရတဲ့အခါ... ချစ်လျက်နဲ့ လမ်းခွဲမှုတွေကို ရုပ်ရှင်ထဲမှာပဲ ရှိတယ်လို့ထင်ခဲ့ဖူးပြီး လက်တွေ့ကြုံလာရတဲ့အခါ... သူပျော်ဖို့ကိုပဲ ရွေးချယ်မိတော့တယ်... သူအဆင်ပြေဖို့ကိုပဲ ဦးစားပေးဖြစ်တော့တယ်... သူရယ်ပြုံးဖို့ကိုပဲ အလေးထားမိတော့တယ်... ကိုယ်ထွက်သွားမှာပါ....မင်းနဲ့ဝေးရာပေါ့... ပြန်မလာနိုင်တော့တဲ့ အခါ ပြန်မဆုံဖြစ်ကြတော့တဲ့ အခါ ပြန်တွေ့ဖို့ မရှိနိုင်တော့တဲ့ အခါ ကိုယ်ချစ်နေသေးတယ်ဆိုတာ မင်းသတိရပါ... ဒါဟာ ကိုယ့်ရဲ့ နှုတ်ဆက်စာ... #အချစ်ရှုံးသမား
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
