(အနှိုင်းမဲ့ ဧကရာဇ်)
"ငြိမ်းချမ်းခြင်းလမ်းစဉ်မှာ” မင်းအပြုံးပါရေ စစ်မလာခင်ကတည်းက ငါ့ဘဝ အလိုလိုညွတ်ကျ။ သီနတ်သံ မလို အော်ဟစ်သံ မလို မင်းအပြုံးတစ်ပွင့်နန့် ငါ့အင်ပါယာ တစ်ခုလုံး ဖဖွတ်ကြွီကျ။ အမိန့်မလို အာဏာမလို တရားစီရင်ရီးမလို ကြော်ငြာစရာမလို သွီးမစီးရေ နှလုံးသားစီးချင်းမှာ မင်းမျက်ဝန်းနက်တစ်ခုက ငါ့ကမ္ဘာ တစ်ခုလုံးကို တိတ်တိတ်ချေ ဖြိုခွင်းချ။ အရှုံး ဆိုကေလေ့ ရှုံးနိမ့်မှုက ဘဝတစ်လျှောက် အမြတ်နိုးဆုံး အချစ်ဖြစ်လာ။ နှလုံးသားမြို့ပျက် နောက်ဆုံးခံတပ်မှာ ရင်ဘတ်ထက် ဒဏ်ရာကိုဝတ်ဆင် မင်းထံဒူးထောက်ခစား ချစ်ချစ် မုန်းမုန်း နောက်ဆုံးသခင် နောက်ဆုံးဘုရင် နောက်ဆုံးဧကရာဇ်က မင်း ။ #ကျော်ခန့်
Ad
Poetry Books 50% Off
Bestselling collections from top poets
Shop Now →
